သတင်းများ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင်ကျင်းပသော ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားနှင့် မုဒုံမြို့ နယ်လုံးဆိုင်ရာ (၄၆) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားသို့ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် တက်ရောက်
Post Image

မော်လမြိုင်၊ စက်တင်ဘာ ၁၄

          မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် ထူးချွန်စွာအောင်မြင် ကြသော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၀၉း၀၀) နာရီအချိန်တွင် မုဒုံမြို့၊ ရွှေဟင်္သာခန်းမ၌ ကျင်းပရာအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော (၆) ဘာသာ ဂုဏ်ထူးရှင် (၃) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၉) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ (၃) ဘာသာဂုဏ်ထူး (၁၉) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၄၄) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၇၀) ဦး၊ မြို့နယ်အတွင်း အောင်ချက်အကောင်းဆုံးကျောင်း (၁၁) ကျောင်းနှင့် အလှူရှင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ မုဒုံမြို့နယ်လုံးဆိုင်ရာ (၄၆) ကြိမ်မြောက် ဆွမ်းဆန်‌တော်‌လောင်းလှူပွဲ အခမ်းအနားကို ယင်းနေ့ (၁၁း၃၀) အချိန်တွင် မုဒုံမြို့၌ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားတွင် ဘုန်းကြီးကျောင်း (၇၈) ကျောင်းမှ သံဃာတော် (၄၁၉၂) ပါး၊ သီလရှင်ကျောင်း (၂၁) ကျောင်းမှ သီလရှင် (၉၄၃) ပါး၊ စုစုပေါင်း ကျောင်းပေါင်း (၉၉) ကျောင်းမှ သံဃာတော်/ သီလရှင် (၅၀၄၇) ပါးတို့အား ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ