သတင်းများ

မွန်ပြည်နယ်တရားသူကြီးချုပ်မှ မော်လမြိုင်မြို့နယ်တရားရုံးအား ရှောင်တခင်ကြည့်ရှုစစ်ဆေးခြင်း

မော်လမြိုင်၊ စက်တင်ဘာ ၁၀

          မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးသည် (၁၀-၉-၂၀၂၅) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်တရားရုံးသို့ရောက်ရှိရာ မြို့နယ်တရားသူကြီး ဒေါ်ခိုင်မာလာအေးကြည်၊ တွဲဖက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများ၊ ရုံးအုပ်တို့နှင့်အတူ ရုံးဝန်ထမ်းများအား တွေ့ဆုံသည်။

          ထို့နောက် တရားလွှတ်တော်တရားသူကြီးချုပ်မှ တရားခွင်များ၊ တရားစီရင်ရေးနှင့်စီမံခန့်ခွဲရေးရာ ကိစ္စရပ်များ၊ သက်သေခံပစ္စည်းများ ထိန်းသိမ်းထားရှိမှုအခြေအနေများနှင့် အခြားလိုအပ်သည်များအား မှာကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ