သတင်းများ

မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် ပြည်နယ်အဆင့်ဒီရေတောသစ်ပင် စိုက်ပျိုးပွဲသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် တက်ရောက်
Post Image

မော်လမြိုင်၊ စက်တင်ဘာ ၆

          မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် ပြည်နယ်အဆင့် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၀၇း၁၅) နာရီတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ အုပ်စု၊ ဆယ်အိမ်စုရပ်၊ ပင်လယ်ကမ်းခြေတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး တက်ရောက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် ဒီရေတောသစ်မျိုးများဖြစ်သည့် သမဲ့ (၁၅၀) ပင်၊ ဗြူးခြေထောက် (၁၅၀) ပင်၊ ဗြူးရွှေဝါ (၁၀၀) ပင်၊ အိပ်မသွယ် (၁၀၀) ပင်နှင့် မဒမ (၁၀၀) ပင်၊ စုစုပေါင်းဒီရေသစ်ပင် (၅) မျိုး၊ အပင်ပေါင်း (၆၀၀) ပင် စိုက်ပျိုးခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ