သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တွင် (၂၉) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Post Image

မော်လမြိုင်၊ သြဂုတ် ၂၃

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ / ခရိုင်တရား သူကြီးများ၏ (၂၉) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များ အပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို သြဂုတ်လ ၂၃ ရက်နေ့ နေ့လည် (၁:၀၀) နာရီက မွန်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

ထပ်ဆင့်ရှင်းလင်းပွဲတွင် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးက (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်‌ထောင်စု တရားသူကြီးချုပ်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏  တရားစီရင်ရေး ဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်မှာကြားချက်များ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီမှချမှတ်ထားသော ဦးတည်ချက် (၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  အရာထမ်းအမှုထမ်းများအားလုံး ကျရာကဏ္ဍမှပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး အမှုများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြန့်ကြာမှုမရှိစေရေး အမြန်ဆုံးစစ်ဆေးဆောင်ရွက်ကြရန်နှင့်နိုင်ငံတော်၏မူဝါဒနှင့် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ‌‌ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟနှင့် ဒေါ်ခိုင်ခိုင်မျိုးတို့မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ မှာကြားချက်များနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပါတ်သက်၍ လိုအပ်သည်များ ရှင်းလင်းမှာကြားပြီး မွန်ပြည်နယ်တရားရေးဦးစီးမှူး ဦးထွန်းထွန်းအောင်က ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏မှာကြားချက်၊ ရုံးလုပ်ငန်းဆိုင်ရာများ၊ တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်များကို ထပ်ဆင့် ရှင်းလင်းမှာကြားခဲ့ပါသည်။

အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ် တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့်မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၅၂) ဦး တက်‌ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ