သတင်းများ

မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော (၁၃၄)ကြိမ်မြောက် ဝါခေါင်လပြည့်နေ့ အနူဂါမိက ထာဝရရွှေအိုးမြှပ်နှံလှူဒါန်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တက်ရောက်
Post Image

မော်လမြိုင်၊ သြဂုတ်  ၈

          မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မော်လမြိုင်မြို့၏ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၁၃၄) ကြိမ်မြောက် ဝါခေါင်လပြည့်နေ့အနူဂါမိက ထာဝရရွှေအိုးမြှပ်နှံလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်မြတ်ကြီး၊ သီရိမင်္ဂလာပဌာန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး တက်ရောက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အလှူရှင်များက အနူဂါမိက ထာဝရရွှေအိုးမြှပ်နှံခြင်းနှင့် မော်လမြိုင်မြို့နယ်၊ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့ရှိ ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်း (၂၅၅) ကျောင်းမှ ရဟန်းသံဃာတော်များ၊ သီလရှင် ဆရာလေးများအား စာရေးတံမဲနှိုက်ခြင်းများပြုလုပ်၍ စုပေါင်းလှူဒါန်းခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ