သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်မှ အခြေခံပညာအထက်တန်း G-12 စာမေးပွဲကို ဂုဏ်ထူးဖြင့်အောင်မြင်သည့် ကျောင်းသားအား ဂုဏ်ပြုဆုငွေပေးအပ်ခြင်း

မော်လမြိုင်၊ သြဂုတ်လ ၇

     မွန်ပြည်နယ်တရားလွှတ်တော်မှ တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားလွှတ်တော်မှ တရားရေး အရာရှိ များသည် ၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ခဲ့သော အခြေခံပညာအထက်တန်း G-12 စာမေးပွဲကို ဓါတုဗေဒဘာသာ ဂုဏ်ထူးဖြင့် ဖြေဆိုအောင်မြင်ခဲ့သော ရေးခရိုင်၊ ရေးမြို့နယ် တရားရုံးမှ အကြီးတန်းစာရေး ဒေါ်မိမိခိုင်၏ သားဖြစ်သူ ‌မောင်စွမ်းထက်အောင်သို့ ဂုဏ်ပြုဆုငွေ တစ်သိန်းကျပ်အား (၇-၈-၂၀၂၅) ရက်နေ့တွင် ရေးခရိုင်တရားသူကြီး ဦးဇော်ဇော်သန်းမှတစ်ဆင့်ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ