မော်လမြိုင်၊ ဇူလိုင် ၂၈
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးသည် (၂၈-၇-၂၀၂၅) ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် မော်လမြိုင်ခရိုင်တရားရုံးသို့ ရောက်ရှိရာ ခရိုင်တရားသူကြီး ဦးအောင်သိန်းဦး၊ တွဲဖက်ခရိုင်တရားသူကြီးများဖြစ်ကြသော ဒေါ်စမ်းသီတာအောင်၊ ဦးနေလင်းစိုး၊ ဒုတိယခရိုင်တရားသူကြီးများဖြစ်ကြသော ဒေါ်မေလင်းသက်၊ ဦးဌေးမင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်မင်းသိန်း၊ မော်လမြိုင်မြို့နယ်တရားသူကြီး ဒေါ်ခိုင်မာလာအေးကြည်၊ တွဲဖက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများအား တွေ့ဆုံသည်။
ထို့နောက် တရားလွှတ်တော်တရားသူကြီးချုပ်မှ တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးရာ ကိစ္စရပ်များ၊ သက်သေခံပစ္စည်းများ ထိန်းသိမ်းထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
