မော်လမြိုင်၊ ဇူလိုင် ၂၆
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးသည် (၂၆-၇-၂၀၂၅) ရက်နေ့ မွန်းလွဲ(၂း၀၀) နာရီအချိန်တွင် ပေါင်မြို့နယ်တရားရုံးသို့ရောက်ရှိရာ မြို့နယ်တရားသူကြီး ဦးသန့်ဇင်ဦး၊ ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်မင်းသူ၊ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်မိုးစန္ဒာတို့နှင့်အတူ ရုံးဝန်ထမ်းများအား တွေ့ဆုံသည်။


ထို့နောက် တရားလွှတ်တော်တရားသူကြီးချုပ်မှ တရားခွင်များ၊ တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးရာကိစ္စရပ်များ၊ သက်သေခံပစ္စည်းများ ထိန်းသိမ်းထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

