သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ ဝန်ထမ်းမိသားစုများ၏ (၁၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Post Image

မော်လမြိုင် ဇူလိုင်  ၆

            မွန်ပြည်နယ်တရားလွှတ်တော်နှင့် တရားလွှတ်‌တော်အတွင်းရှိ ခရိုင် / မြို့နယ် တရားရုံးများမှ   ဝန်ထမ်းမိသားစုများ၏ (၁၄) ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို  ၁၃၈၇ ခုနှစ် ဝါဆိုလဆန်း (၁၂) ရက် ၊ (၆-၇-၂၀၂၅) ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၉း၃၀) နာရီတွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရွှေစေတီကျောင်းမှ ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော် (၅)ပါး ကြွရောက်တော်မူကြပြီး ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ