သတင်းများ

မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် တက်ရောက်
Post Image

မော်လမြိုင်၊ ဇွန် ၂၁

          မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ယနေ့နံနက် (၇း၃၀) နာရီတွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့တိုးချဲ့အိမ်ရာမြေအတွင်း ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်‌တော် တရားသူကြီးချုပ် ဦးညီညီစိုး တက်ရောက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် သစ်မာမျိုးများဖြစ်သော ကန့်ကော်၊ ခရေ၊ စိန်ပန်းနီ၊ စိန်ပန်းဝါ၊ ငုရွှေဝါ၊ ရေတမာ၊ ရင်ခတ်၊ အနန်းနှင့်ပျဉ်းမစသောသစ်မျိုး (၉) မျိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးခဲ့ ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ