မော်လမြိုင်၊ ဇွန် ၂၁
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ညိုမီစံသည် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင် တရားသူကြီးနှင့် မုဒုံမြို့နယ်တရားသူကြီးတို့ လိုက်ပါလျက် (၂၁-၆-၂၀၂၅)ရက်နေ့ နံနက် (၉း၄ဝ) နာရီအချိန်တွင် မုဒုံမြို့မရဲစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မုဒုံမြို့မရဲစခန်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါလျက် အချုပ်ခံရသူများ၏ အခြေအနေ၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရှင်းလင်းတင်ပြကြသဖြင့် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးမှ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ သည်။
