သတင်းများ

မော်လမြိုင်မြို့မရဲစခန်း၊ မုပွန်နယ်မြေရဲစခန်းနှင့် မြိုင်သာယာနယ်မြေရဲစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး
Post Image

မော်လမြိုင်၊ ဇွန် ၂၀ ရက်

             မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ညိုမီစံသည် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင် တရားသူကြီးနှင့် မော်လမြိုင်မြို့နယ်တရားသူကြီးတို့ လိုက်ပါလျက် (၂၀-၆-၂၀၂၅) ရက်နေ့ နံနက်(၁၁း၃ဝ)နာရီ အချိန်တွင် မော်လမြိုင်မြို့မရဲစခန်း၊ မုပွန်နယ်မြေရဲစခန်းနှင့် မြိုင်သာယာနယ်မြေရဲစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

         ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာရဲစခန်းမှူးများ၊ တာဝန်ရှိသူများလိုက်ပါလျက် လှည့်လည်ကြည့်ရှုပြီး ရဲစခန်း (၃) ခုရှိ အချုပ်ခံရသူများ၏ အခြေအနေ၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရှင်းလင်းတင်ပြကြသဖြင့် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးမှ ဥပဒေနှင့်အညီ ရသင့်ရထိုက်သောအခွင့်အရေးများ ခံစားနိုင်ရေးနှင့် လိုအပ်သည် များကို ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ