မော်လမြိုင် ဇွန် ၂၀
မွန်ပြည်နယ်တရားလွှတ်တော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၉း၃၀) နာရီတွင် ပြုလုပ်ရာ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးမှလှည့်လည်ကြည့်ရှုပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး များနှင့် ၎င်းတို့၏မိသားစုဝင်များ၊ မွန်ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ မော်လမြိုင်ခရိုင် တရားရုံးနှင့်မော်လမြိုင်မြို့နယ်တရားရုံးတို့မှ တရားသူကြီးများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များမှကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံကြပါသည်။




