သတင်းများ

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ မြို့မရဲစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး

မော်လမြိုင်၊ ဇွန် ၁၉

                    မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါက်တာအောင်သီဟသည် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင် တရားသူကြီးနှင့် ချောင်းဆုံမြို့နယ်တရားသူကြီးတို့ လိုက်ပါလျက် (၁၉-၆-၂၀၂၅)ရက်နေ့ နံနက်(၈း၃ဝ)နာရီအချိန်တွင် ချောင်းဆုံမြို့မရဲစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

                    ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါလျက် အချုပ်ခံရသူများ၏ အခြေအနေ၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရှင်းလင်းတင်ပြကြသဖြင့် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးမှ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ