မော်လမြိုင်၊ ဇွန် ၁၃
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် အရာထမ်းငယ်သင် တန်း အမှတ်စဉ်(၁၃၂)တွင် သင်တန်းသူစံပြဆု ရရှိခဲ့သည့် မော်လမြိုင်မြို့နယ်တရားရုံးမှ ဒုတိယ မြို့နယ်တရားသူကြီး ဒေါ်မိုးစန္ဒာဦး (တ/၄၁၆၂) နှင့် စစ်ရေးပြထူးချွန်ဆု ရရှိခဲ့သည့် ကျိုက်မရော မြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်ချောချောချစ် (တ/၄၂၂၇) တို့အား “ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ တို့အား ထပ်ဆင့်ပေးအပ်ချီးမြှင့်ခြင်းနှင့် မွန်ပြည်နယ်တရားလွှတ်တော်မှ ဂုဏ်ပြုဆုပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော်၏ အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။



အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်တရားရုံးတို့ မှ တရားသူကြီးများ၊ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ထူးချွန်ဆုရ တရားရေးအရာရှိ(၂)ဦးအား ချီးကျူးဂုဏ်ပြုစကားပြောကြားခြင်း၊ ပြည်ထောင်စုတရားလွှတ် တော်ချုပ်ရုံးမှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေတို့အား ထပ်ဆင့်ပေးအပ် ချီးမြှင့်ခြင်းနှင့် မွန်ပြည်နယ်တရားလွှတ်တော်မှ ပေးအပ်သည့် ဂုဏ်ပြုလက်ဆောင်အား ပြည်နယ်တရားရေးဦးစီးမှူးမှ ပေးအပ်ခြင်းတို့ပြုလုပ်ခဲ့ပြီး ထူးချွန်ဆုရရှိကြသော တရားရေးအရာရှိ (၂)ဦးတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပါသည်။

