မော်လမြိုင်၊ ဇွန် ၉
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်တရားရုံး၊ တရားသူကြီးများနှင့်တွေ့ဆုံပြီး တရားစီရင်ရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ လမ်းညွှန်မှုပြုသည့်အစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့ရည်မွန်၊ မော်လမြိုင်ခရိုင်တရားသူကြီး ဦးအောင်သိန်းဦး နှင့် ပြည်နယ်အတွင်းရှိ မြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြို့နယ်တရားသူကြီးများမှ တင်ပြသည့် တရားစီရင်ရေးအခြေအနေများကို လမ်းညွှန်မှာကြားခြင်းများပြုလုပ်ခဲ့ခြင်း နှင့် ပြည်နယ်တရားရေးဦးစီးမှူးက ဘဏ္ဍာသိမ်း သက်သေခံမော်တော်ယာဉ် (လိုင်စင်ရှိ/လိုင်စင်မဲ့)များ အပ်နှံခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့ပါသည်။



