မော်လမြိုင်၊ မေ ၂၃
မွန်ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်မည့် အရာထမ်းသင်တန်းသို့ တက်ရောက်ရမည့် တရားရေးအရာရှိ (၂)ဦးအား သင်တန်းစရိတ်ထောက်ပံ့ပေးအပ်ခြင်းနှင့် မွန်ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏သား၊ သမီး များအား ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အတွက် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ သား၊ သမီးများတက်ရောက်ကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ သင်တန်း တက်ရောက်ရမည့် တရားရေးအရာရှိ (၂)ဦးအား သင်တန်းစရိတ်ထောက်ပံ့ပေးအပ်ပြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟ နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးတို့မှ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းများတွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ခဲတံနှင့်ဘောပင်တို့ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။



