သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မော်လမြိုင်၊ မေလ ၁၂

              မွန်ပြည်နယ်တရားလွှတ်တော်ရှိ တရားရုံးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ကို ၅-၅-၂၀၂၅ နေ့မှ ၉-၅-၂၀၂၅ နေ့ထိ ဖွင့်လှစ်ခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနားကို ၅-၅-၂၀၂၅ ရက်နေ့၌ မွန်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမတွင်ပြုလုပ်ကျင်းပခဲ့ပြီး ယနေ့ ၁၂-၅-၂၀၂၅ ရက်နေ့(၁၄:၀၀) နာရီတွင် သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပါသည်။

         အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မော်လမြိုင်ခရိုင်တရားသူကြီး နှင့် မော်လမြိုင်မြို့နယ်တရားသူကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

         အခမ်းအနားတွင် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီးစိုး မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသော သင်တန်းသူများအား ဆုချီးမြှင့်ခြင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးမှ သင်တန်းသူ များ၏ကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်ချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့ပြီး သင်တန်းသို့ မွန်ပြည်နယ်တရားလွှတ်တော်မှ သင်တန်းသူ(၁၁)ဦးတက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ