သတင်းများ

မွန်ပြည်နယ်တရားသူကြီးချုပ်က မုဒုံမြို့နယ်တရားရုံးအား ရှောင်တခင်ကြည့်ရှုစစ်ဆေးခြင်း

မေလ၊ ၁၂

          မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး သည် ယနေ့နံနက် (၀၉:၀၀) အချိန်တွင် မော်လမြိုင်ခရိုင်တရားသူကြီး ဦးအောင်သိန်းဦးနှင့်အတူ မုဒုံမြို့နယ် တရားရုံးသို့ရောက်ရှိရာ မြို့နယ်တရားသူကြီး ဦးအောင်မြင့်ဌေး၊ တွဲဖက်မြို့နယ်တရားသူကြီး ဦးမိုးသက်မောင်၊ ဒုတိယမြို့နယ်တရားသူကြီးများဖြစ်ကြသော ဦးကျော်ဇေယျာထွန်း၊ ဒေါ်သိလ္လာထူးစံ၊ ဒေါ်မြဲဆက်ခိုင်တို့နှင့် တရားရုံးဝန်ထမ်းများကိုတွေ့ဆုံသည်။

ထို့နောက် တရားလွှတ်တော်တရားသူကြီးချုပ်က တရားခွင်များ၊ တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးရာကိစ္စရပ်များ၊ သက်သေခံပစ္စည်းများထိန်းသိမ်းထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သက်သေခံပစ္စည်းများ အမိုးအကာအောက်လုံခြုံစွာထိန်းသိမ်းထားရှိရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့သည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ