သတင်းများ

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တက်ရောက်

မေလ၊ ၁၁

              မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ တောင်ရိုးတန်းရှိ မဟာမြတ်မုနိဘုရား၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးနှင့်ဇနီး၊ တရားလွှတ်တော်တရားသူကြီး များ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မော်လမြိုင်ခရိုင်တရားသူကြီး နှင့် တရားရေးအရာရှိများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး၊ သံဃာတော်(၃၁၅)ပါးအား ပြည်နယ်တရားလွှတ်တော်မိသားစုမှ ဆပ်ပြာခဲများ လောင်းလှူခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ