မတ်လ၊ ၁၉
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်၊ ပြည်နယ်ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးလည်း “စီမံခန့်ခွဲရေးထူးချွန်မှုဂုဏ်ထူးဆောင်ဆု” ချီးမြှင့်ခြင်းခံခဲ့ရပါသည်။



