မတ်လ၊ ၁၃
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ(၁၃)ရက် တပေါင်းလပြည့်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီးစိုး နှင့် ဇနီး၊ တရားလွှတ်တော်တရားသူကြီး ဒေါက်တာအောင်သီဟ၊ (ရုံးအဖွဲ့မှူး) ဒုတိယညွှန်ကြားရေးမှူး ဦးအုန်းမြင့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခန့်၊ မော်လမြိုင်ခရိုင်တရားသူကြီး ဦးအောင်သိန်းဦး နှင့် ခရိုင်တရားရုံးရှိ တရားရေးအရာရှိများ၊ မော်လမြိုင်မြို့နယ်တရားသူကြီးနှင့် တရားရေးအရာရှိများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်လက်လှူဒါန်းခြင်းခံရသည့် ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်၊ သီလရှင်ဆရာလေးမျာ စုစုပေါင်း(၂၁)ပါးအား ပြည်နယ်တရားလွှတ်တော်မိသားစုမှ မျက်နှာသုတ်ပုဝါများ လောင်းလှူခဲ့ကြပါသည်။



