မော်လမြိုင်၊ ဇန်နဝါရီ ၂
မွန်ပြည်နယ်တရားလွှတ်တော်တွင် နှစ်သစ်ကူးအကြိုအထိမ်းအမှတ်ညစာစားပွဲကို ၂-၁-၂၀၂၅ ရက်နေ့၊ ညနေ(၄:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ထမင်း၊ ကြက်ဘူးသီးဟင်း၊ ငါးခြောက်ကြော်၊ ငပိသုပ်၊ ပဲစောင်းလျားသီးသုပ်တို့ဖြင့် တည်ခင်းဧည့်ခံခြင်း၊ ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသော ဦးစီးအရာရှိများနှင့် ဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ မဲဖောက်ပေးခြင်းများ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ ဖြစ်ကြသော ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ နှင့် ဒေါက်တာအောင်သီဟ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် ပြည်နယ်တရားလွှတ်တော်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ် နှင့် ပေါင်မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။