သတင်းများ

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ တက်ရောက်

ဒီဇင်ဘာ၊ ၂၅

 

          မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၂)ကြိမ်မြောက် စူဘွဲ့နှင်းသဘင် အခမ်းအနား နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီဇင်ဘာ(၂၅)ရက်နေ့ မွန်းလွှဲပိုင်းတွင် မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပရာအခမ်းအနားသို့ မွန်ပြည်နယ်တရား လွှတ်တော်တရားသူကြီးများဖြစ်သော  ဒေါ်ညိုမီစံ  နှင့်  ဒေါက်တာအောင်သီဟ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်၊ မော်လမြိုင်ခရိုင်တရားသူကြီး ဦးအောင်သိန်းဦး နှင့် ခရိုင်တရားရုံးရှိ တရားရေးအရာရှိများ မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်တရားရုံးမှ တရားရေးအရာရှိများ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော ပင့်သံဃာ ဆရာတော်ကြီးများနှင့်  စာအောင်သံဃာတော်၊  သီလရှင်ဆရာလေးများအား  ပြည်နယ်တရားလွှတ်တော်မိသားစုမှ  Ve Ve အချိုရည်ဗူး(၁၀၆၉)ဗူး လောင်းလှူခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ