သတင်းများ

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်ရှိ မော်လမြိုင်အချုပ်ထောင်သို့ သွားရောက်ကြည့်ရှု စစ်ဆေး

မော်လမြိုင်၊ ဒီဇင်ဘာ ၁၃ ရက်

                    မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးသည် ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဒေါက်တာအောင်သီဟ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင် တရားသူကြီးနှင့် မော်လမြိုင်မြို့နယ်တရားသူကြီးတို့ လိုက်ပါလျက် (၁၃-၁၂-၂၀၂၄)ရက်နေ့ နံနက်(၈းဝဝ)နာရီအချိန်တွင် မော်လမြိုင်အချုပ်ထောင်သို့ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့သည်။

                    ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်အဖွဲ့သည် အကျဉ်းဦးစီး ဌာနညွှန်ကြားရေးမှူး ဦးဇော်မျိုးအောင်၊ အချုပ်ထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူးဦးဝင်းနိုင်တို့နှင့်အတူ အချုပ်ခံရသူနှင့် အကျဉ်းကျခံရသူများ၏ အမျိုးသား၊ အမျိုးသမီးဆောင်များ၊ စားဖိုဆောင်၊ အချုပ်ထောင်ဆေးရုံ၊ အချုပ်ထောင် ရေသန့်စက်ရုံ၊ ထောင်တွင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ အကျဉ်းဦးစီး ဌာန ညွှန်ကြားရေးမှူးနှင့် မော်လမြိုင်အချုပ်ထောင်တာဝန်ခံအရာရှိတို့က အချုပ်ခံရသူနှင့် အကျဉ်းကျခံရသူများ၏ အခြေအနေ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက် မှုနှင့် သောက်သုံးရေရရှိမှုတို့ကို ရှင်းလင်းတင်ပြကြသဖြင့် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများခံစားနိုင်ရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ