မော်လမြိုင် ၊ နိုဝင်ဘာ ၂၀
မွန်ပြည်နယ်တရားလွှတ်တော်အတွင်း တရားစီရင်ရေးကိစ္စရပ်များစနစ်တကျ ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးကို ယနေ့ညနေ (၁၅း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော် Video Conferencing ခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများဖြစ်သော ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တရားရေးအရာရှိများ၊ ခရိုင်တရားသူကြီးများ၊ တွဲဖက်ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ တွဲဖက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများနှင့် ဒုတိယဦးစီးမှူးများ စုစုပေါင်း (၅၁) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများဖြစ်သော ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံနှင့် ဒေါက်တာအောင်သီဟ တို့မှ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များတွင် စနစ်တကျထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်ချက်များအားလည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူးက စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ခရိုင်တရားသူကြီးများမှ မိမိတို့ခရိုင်နှင့် ခရိုင်အတွင်းရှိ တရားရုံးများနှင့်သက်ဆိုင်သော တရားစီရင်ရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြခဲ့ကြပါသည်။