သတင်းများ

(၁၄)ကြိမ်မြောက် မွန်ပြည်နယ်တရားလွှတ်တော်၏ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပခြင်း
Post Image

မော်လမြိုင် နိုဝင်ဘာ ၁

     မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများ၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆပ်ကပ်လှူဒါန်းပူဇော်ပွဲအား ယနေ့နံနက် (၀၉:၃၀)နာရီတွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ၊ ‌ဒေါက်တာအောင်သီဟနှင့်ဇနီး၊ ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုး၊ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများ၊ တရားရေးဝန်ထမ်းများနှင့် အမှုထမ်းများတက်ရောက် ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ရွှေဟင်္သာကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး သံဃာတော်များအား ကထိန်သင်္ကန်းလျာ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ ပါသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးဝန်ထမ်းများ၊ အမှုထမ်းများနှင့် အလှူရှင်များဆက်ကပ်လှူဒါန်းသော ပဒေသာပင် များအား ရွှေဟင်္သာကျောင်း၊ ရွှေစေတီကျောင်းနှင့် အစိုးရအဖွဲ့ရုံး စုပေါင်းမဟာဘုံကထိန်သို့ ပို့ဆောင်ဆက်ကပ်လှူဒါန်းခဲ့ရာ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် အလှူငွေ စုစုပေါင်းတန်ဖိုးမှာ (၁၁,၀၂၆,၅၀၀)ကျပ် ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ