မော်လမြိုင် ၊ ဒီဇင်ဘာ ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဆောက်လုပ်လျက်ရှိသော မွန်ပြည်နယ်တရားလွှတ်တော် RCC ( ၃ ) ထပ် အဆောက်အဦကို မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးအထူးအဖွဲ့ ( ၁၃ ) မှ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့သည်။


