သတင်းများ

ကွန်ပျူတာမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပခြင်း
Post Image Post Image Post Image

မော်လမြိုင် ၊ မေ ၂၂

     ( ၂၂-၅-၂၀၂၁ ) မှ (၂၃-၅-၂၀၂၁) ရက်နေ့ထိ မွန်ပြည်နယ်တရားလွှတ်တော်၌ ၂၀၂၁ ခုနှစ် ပထမအကြိမ် ကွန်ပျူတာမွမ်းမံသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါမွမ်းမံသင်တန်းသို့ မွန်ပြည်နယ်အတွင်းရှိ တရားရုံးအဆင့်ဆင့်မှ သင်တန်းသား / သင်တန်းသူ စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့သည်။