တရားလွှတ်တော်

မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခိုင်ခိုင်မျိုး

မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခိုင်ခိုင်မျိုးအား ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စ၍ တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။

မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခိုင်ခိုင်မျိုးကို ၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့ ပါသည်။ ၁၉၈၈ ခုနှစ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့ပါသည်။ ဒေါ်ခိုင်ခိုင်မျိုးသည် ၁၉၉၃ တွင် တရားရေးဝန်ထမ်းအဆင့် - ၄ အဖြစ် စတင်တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ဒေါ်ခိုင်ခိုင်မျိုးသည် တရားရေးအရာရှိရာထူးအဆင့်ဆင့်ကို ၃၂ နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလတွင် မွန်ပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ ၂၀၂၅ ခုနှစ် ဇူလိုင်လမှစ၍ တရားလွှတ်တော်တရားသူကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါသည်။ ၎င်းသည်အိမ်ထောင်ရှိသူဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ