မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ညိုမီစံကို ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မော်လမြိုင်မြို့၊ အထက ( ၈ ) မှ ၁၉၈၀ -၁၉၈၁ ပညာသင်နှစ်တွင် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဥပဒေဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ၁၉၈၅ ခုနှစ်တွင် ရရှိခဲ့ပါသည်။ မဟာဥပဒေဘွဲ့ကို ၁၉၉၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှပင် ရရှိခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် တရားရေးဝန်ထမ်းအဆင့် ၄ အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး တရားရေးရာထူး အဆင့်ဆင့်ကို ၃၂ နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၁၉ ခုနှစ် သြဂုတ်လတွင် မွန်ပြည်နယ် တရားလွှတ်တော်တွင် မွန်ပြည်နယ်တရားရေး ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၁ ခုနှစ် မတ်လတွင် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ အိမ်ထောင်မရှိပါ။