တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး အား ၂၀၂၅ ခုနှစ် ဇူလိုင်လမှစ၍ မွန်ပြည်နယ် တရားလွှတ်တော်၏ တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါသည်။
တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးကို ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကိုရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါသည်။ ဒေါ်ဌေးမြင့်အေး သည် ၁၉၈၅ တွင် တရားရေးဝန်ထမ်း အဆင့် ၄ အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ဌေးမြင့်အေးသည် တရားရေး အရာရှိရာထူးအဆင့်ဆင့်ကို ၃၃ နှစ်တိုင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စာချွန်တော်ဌာန၏ ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။ အိမ်ထောင်မရှိပါ။