မြန်မာနိုင်ငံတွင် တရားစီရင်ရေးသည် နိုင်ငံတော်၏အချုပ်အခြာအာဏာ သုံးရပ်အနက် တစ်ခုဖြစ်ပြီး၊ ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့မှ သီးခြားရပ်တည်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈ အရ နိုင်ငံတော်၏ တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားလွှတ်တော်များနှင့် အဆင့်ဆင့်သောတရားရုံးများသို့ ခွဲဝေအပ်နှင်းထားပါသည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ အောက်ဖော်ပြပါတရားရုံးများကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှစ၍ ဖွဲ့စည်းထား ပါသည် -
• ပြည်ထောင်စုတရားလွှတ်တော်ချုပ်
• တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်
• ခရိုင်တရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသတရားရုံး
• မြို့နယ်တရားရုံး
• ဥပဒေအရတည်ထောင်သည့်အခြားတရားရုံးများ
တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံ
မွန်ပြည်နယ်တရားလွှတ်တော် နှင့် လက်အောက်တရားရုံးများ၏ ဖွဲ့စည်းပုံ မှာ အောက်ပါ အတိုင်းဖြစ်ပါသည် -
မွန်ပြည်နယ်တရားလွှတ်တော် |
|
မော်လမြိုင်ခရိုင်တရားရုံး (ခ)အဆင့် | သထုံခရိုင်တရားရုံး (ဂ)အဆင့် |
မော်လမြိုင်မြို့နယ်တရားရုံး (က)အဆင့် | သထုံခရိုင်တရားရုံး (ဂ)အဆင့် |
ချောင်းဆုံမြို့နယ်တရားရုံး (ဂ)အဆင့် | သထုံမြို့နယ်တရားရုံး (ခ)အဆင့် |
ကျိုက်မရောမြို့နယ်တရားရုံး (ဃ)အဆင့် | ဘီးလင်းမြို့နယ်တရားရုံး (ဂ)အဆင့် |
မုဒုံမြို့နယ်တရားရုံး (ဂ)အဆင့် | ကျိုက်ထိုမြို့နယ်တရားရုံး (ဂ)အဆင့် |
သံဖြူဇရပ်မြို့နယ်တရားရုံး (ဂ)အဆင့် | |
ရေးမြို့နယ်တရားရုံး (ဃ)အဆင့် |