သမိုင်းကြောင်း

သမိုင်းကြောင်း

နယ်ချဲ့လက်အောက်ရောက် အောက်မြန်မာနိုင်ငံတွင် ၁၈၆၄ ခုနှစ်၌ မှတ်တမ်းရုံး Recorder's Court အဖြစ် မော်လမြိုင်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။နောက်မှမှတ်တမ်းရုံးသည် မော်လမြိုင်မြို့တရားသူကြီးရုံး ဖြစ်လာပါသည်။ လက်ရှိမွန်ပြည်နယ်တရားလွှတ်တော်အဖြစ် အသုံးပြုသည့် အဆောက်အဦကို ၁၈၇၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကြောင်း ဆောက်လုပ်ရေးကော်ပိုရေးရှင်း၏ မှတ်တမ်းများအရ သိရှိရပါ သည်။ ၁၉၂၂ ခုနှစ် မတိုင်မီ အချိန်မှစပြီး မော်လမြိုင်မြို့ တရားသူကြီးရုံးအဖြစ်မှ အောက်မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ တရားရုံးချုပ်လက်အောက်ခံ အယူခံမှုများကို ကြားနာစီရင်ပိုင်ခွင့်ရှိသော တနင်္သာရီတိုင်း၏ တိုင်း နှင့်စက်ရှင်တရားသူကြီးရုံးဖြစ်ပေါ်လာပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး နောက် ၁၉၇၂ ခုနှစ် မတိုင်မီအထိ ကျိုက္ခမီ၊ သံလွင်ခရိုင် ခရိုင်တရားမ နှင့် စက်ရှင်တရားသူကြီးရုံးအဖြစ်လည်းကောင်း၊ မော်လမြိုင်၊ ကော်သူးလေခရိုင် - ခရိုင်တရားမ နှင့် စက်ရှင်တရားသူကြီးရုံးအဖြစ်လည်းကောင်း တည်ရှိခဲ့ပြီး အထူးတရားသူကြီးအဖြစ် စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့် ရာဇဝတ်မှုများ နှင့် ငွေကျပ် ၅၀၀ဝိ/- အထက် တန်ဖိုးရှိသည့် တရားမမှုများကို ကြားနာစစ်ဆေးရသောရုံး ဖြစ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ၁၉၇၃ခုနှစ်ကုန်အထိတနင်္သာရီတိုင်းပြည်သူ့တရားရုံးဖြစ်လာခဲ့ပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြဌာန်းပြီးသည့် ၁၉၇၄ ခုနှစ် ၊ မတ်လ (၂)ရက်နေ့မှစ၍ မြို့နယ်ပေါင်း (၁၀) မြို့နယ်ကို စုစည်းထားသည့် မွန်ပြည်နယ်တရားရုံးအဖြစ် အပေါ်ပေါက်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၄၄၃ နှင့်အညီ နိုင်ငံတော်အေးချမ်းသာယာရေနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေ အမှတ် - ၂၀/၂၀၁၀ ဖြင့် "ပြည်ထောင်စုတရားစီရင်ရေးဥပဒေ" ကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ လ (၂၈) ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ အမိန့်အမှတ် - ၁၈/၂၀၁၁ အရ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ အလုပ်တာဝန်ဝတ္တရားများကို တရားသူကြီးချုပ် ဦးခင်မောင်ကြီးသည် (၃၀-၃-၂၀၁၁) ရက်နေ့တွင် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ ၃၀-၃-၂၀၁၁ ရက်စွဲပါ အမိန့်အမှတ် - ၂၄/၂၀၁၁ အရ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏ အလုပ်တာဝန်ဝတ္တရားများကို တရားသူကြီး ဦးသိန်းမြင့်နှင့် ဦးညီညီစိုးတို့အား (၃၀-၃-၂၀၁၁)ရက်နေ့တွင်လည်းကောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၇-၁၂-၂၀၁၇ ရက်စွဲပါ အမိန့်အမှတ် - ၂၃/၂၀၁၇အရ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး၏ အလုပ်တာဝန်ဝတ္တရားများ ကို မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ဌေးမြင့်အေး မှ (၈-၁၂-၂၀၁၇) ရက်နေ့တွင်လည်းကောင်း စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိတွင် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးညီညီစိုး နှင့် ဒေါ်ဌေးမြင့်အေး တို့မှ တာဝန်ထမ်းဆောင်လျက် ရှိကြပါသည်။

မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦကို မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်၊ အထက်လမ်းမကြီး အကွက်အမှတ် (၅၆)၊ ဦးပိုင်အမှတ် (၄၃/က)၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြေဧရိယာ (၁.၂၉)ဧကရှိ မြေကွက်ပေါ်တွင် ဖွင့်လှစ်ထားပါသည်။ မူလရုံး အဆောက်အဦး (ယခင်မွန်ပြည်နယ်တရားရုံး) မှာ အလျား - ၁၅၆ ပေ၊ အနံ ၆၂ ပေ၊ အမြင့် ၃၅ ပေ ရှိပါသည်။ အဆောက်အဦအဟောင်းကို အကြီးစားပြင်ဆင်ခြင်းပြုလုပ်ခဲ့ ပြီး အလျား ၁၆၀ ပေ၊ အနံ - ၃၀ ပေ၊ အမြင့် - ၃၅ ပေရှိ မွန်ပြည်နယ်တရားလွှတ်တော် တစ်ထပ်အဆောင် (၁)ဆောင် ကို အမှတ် - ၉၇၅ ဆောက်လုပ်ရေးတပ်မှ တာဝန်ယူဆောက်လုပ်ပေးခဲ့ပါသည်။

       

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ